Friday, June 22, 2012

လောကဒဏ်နဲ့မလွတ်ကင်းသလို  ဘ၀အကျဉ်းထောင်ကျခြင်းနဲ့လည်းမလွတ်နိုင်ပါ .  .  .။

လောကဒဏ်နဲ့မလွတ်ကင်းသလို  ဘ၀အကျဉ်းထောင်ကျခြင်းနဲ့လည်းမလွတ်နိုင်ပါ .  .  .။

Thursday, June 21, 2012

ရန်ကုန်အခြေစိုက်ပရဟိတလူငယ်များစုပေါင်းကာ ရခိုင်မီးဘေးအလှူခံ


ပင်လယ်နားနေကာ ရေငတ်နေကြရသူများ . . .


ပိုင်စိုးဦး
အချိန်ကား ညနေ၅နာရီခန့်။ ရန်ကုန်မြို့နှင့် မိုင်၅၀ခန့်ဝေးကာ ပင်လယ်ဖြင့်နီးသည့် သုံးခွမြို့နယ် သမစိတ္တ ကျေးရွာ ရှိ ပျိုမေတစ်သိုက် ပလတ်စတစ်ပုံးဝါ နှစ်ပုံးကို တံပိုးကိုယ်စီချိတ်ကာ ရွာလယ် ရေကန်သို့ ရေခပ်ဆင်းလာကြသည်။ (တောဓလေ့ဖြစ်သည့်  ညနေတွင် ပျိုမေတစ်သိုက်မှာ ရေအိုးကိုယ်စီရွက်ကာ ရွာလယ်ရှိ ရေကန်သို့ ရေခပ်ဆင်းသည်မှာ မပပျောက် သွားသော်လည်း ရေအိုးများနေရာတွင် ပလတ်စတစ်ပုံးပြာများအစားထိုးသွားသည်။) ပျိုမေတစ်သိုက် ဒူးဆစ် သာသာ ရှိရေကန်မှ သောက်သုံးရေအတွက် ခပ်သွားသည့်ရေများမှာ ရွံဗွက်ရေ အလားထင်မှတ်ရသည်။
လာလှူတဲ့လူမရှိတော့လဲ တွင်းရေပဲကြိုသောက်ရတာပေါ့။ တွင်းရေမရတဲ့နှစ်တော့မရှိဘူး။ ရေကောင်း မသောက်ရဘူး ဒုက္ခရောက်တာပေါ့။ ခုနေခါကတော့ မိုးမရွာရင်လိုတယ်။ မိုးရွာရင်မလိုတော့ဘူး။ဟု ဆားတလင်း ကျေးရွာနေ မဌေးက သောက်ရေများကို လက်ဖြင့်ခပ်ပြကာ ပြောသည်။
            အလွန်ပူပြင်းသည့် နွေရာသီကာလများတွင် အဆိုပါကျေးရွာ၌ သောက်သုံးရေ (ရေချို)ရှားပါးသည်မှာ နှစ်စဉ် လိုလို ဖြစ်ခဲ့သည့် ရွာနီးစပ်ချုပ်နှင့် တစ်ချို့ကျေးရွာတော်တော်များများတွင်လည်း သောက်သုံးရေ ရှားပါးကြ သည်ဟု သုံးခွမြို့နယ်ရှိ ကျေးရွာများက သိရသည်။
သောက်သုံရေးနှစ်စဉ် ရှားပါးသည်နှင့် ပတ်သက်ပြီး သမစိတ္တကျေးရွာနေ အသက် ၅၇နှစ်ရှိပြီဖြစ်သည့်  ဦးခင်သောင်း က”သောက်ရေရှားသွားတာ တပိုတွဲ တပေါင်းလပြည့်ကတည်းကရှားတာ။ တပေါင်းက ဒီဖက်ကို မိုးရွာတဲ့ ထိကိုရှားတာ။ တပေါင်း၊ တန်ခူး၊ ကဆုန် သုံးလလောက်ရှိမယ်။ ရေချိုရွာမှာ မရှိတော့တာပေါ့။ မိုးခေါင်ရင်လေးလပေါ့။ ဟု ဆိုသည်။